၂၅ စက်တင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဂျမန်ပြည်နယ် အလီနီဂါခရိုင်တွင် အာဖဂန်အစိုးရတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာ ၂၀ ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ယမန်နေ့က စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့ရာ စစ်သွေးကြွ ခြောက်ဦး သေဆုံးခဲ့သည့်အပြင် ကျေးရွာ ၂၀ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်သွေးကြွ လေးဦးအထက် ဒဏ်ရာရရှိပြီး အခြားနှစ်ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အစိုးရတပ်ဖွဲ့များသည် မဲဆန္ဒရှင်များ၏လုံခြုံရေး သေချာစေရန် စစ်ပွဲဖြစ်ပွားနေသော ခရိုင်များတွင် ရှင်းလင်းဖယ်ရှားသည့် စစ်ဆင်ရေးများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲ ဆန္ဒမဲပေးရာတွင် နှောင့်ယှက်ရန် တာလီဘန်တပ်ဖွဲ့က ကြေညာထားသဖြင့် စနေနေ့က စတင်ကာ လုံခြုံရေးတင်းကြပ်ထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို