အာဖဂန် သမ္မတရွေးကောက်ပွဲ ထောက်ပံ့ကူညီရန် တရုတ်သံတမန် တောင်းဆို

၂၀ ဇွန်            

 

စက်တင်ဘာလတွင် ပြုလုပ်မည့် အာဖဂန်နစ္စတန်နိုင်ငံ၏ လာမည့်သမ္မတရွေးကောက်ပွဲ ထောက်ပံ့ကူညီရန် တရုတ်သံတမန်တစ်ဦးက ယမန်နေ့က  တောင်းဆိုခဲ့သည်။

 

အဆိုပါ ရွေးကောက်ပွဲအတွက် အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့၏ ခိုင်မာသောထောက်ပံ့ကူညီမှု ရရှိဖို့လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Ma Zhaoxu က ပြောကြားခဲ့သည်။
Ma Zhaoxu က အာဖဂန် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများသည် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်  နှင့်  ပြီးခဲ့သည့်နှစ် ပါလီမန်ရွေးကောက်ပွဲများ၏ အတွေ့အကြုံနှင့် သင်ခန်းစာများမှ လေ့လာသင်ယူကြမည်ဟု မျှော်လင့်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးသေချာစေရန် ကြိုတင်ပြင်ဆင်၍ တပ်ဖြန့်ထားကြရန် အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့များကိုလည်း ၎င်းက တောင်းဆိုခဲ့သည်။

 

အာဖဂန်နစ္စတန် ရှိ နိုင်ငံရေးပါတီဝင်များအားလုံး  စည်းလုံးမှုအားကောင်းစေရန်နှင့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် Ma Zhaoxu က ပြောကြားခဲ့သည်။    

 

ကိုးကား -ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို