ဇွန် ၂၈

 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်၏ ဆင်ခြေဖုံး ဘာဂရာမီတွင် သက်တမ်းလွန်အစားအစာများနှင့် အချိုရည်များအပါအဝင် အဖျော်ယမကာ တန်ချိန် ၁၀၀ အား ဒေသတွင်းအာဏာပိုင်းများက ဖျက်ဆီးခဲ့ကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

 

ဆေးဂိုဒေါင်များနှင့် ဈေးဆိုင်များမှအချိုရည်များအပါအဝင် သက်တမ်းလွန်အစားအစာနှင့် အဖျော်ယမကာ တန်ချိန် ၁၀၀ ခန့်အား လွန်ခဲ့သောနှစ်လအတွင်းကပင် သိမ်းဆည်းကာ ဇွန်လ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

 

သက်တမ်းကုန်ဆုံးသော ဘီစကစ်၊ ယို၊ ပျားရည်၊ ခရမ်းချဉ်သီးဆော့၊ စွန်ပလွံသီးနှင့် သစ်သီးခြောက်များပါဝင်သော အစားအစာများ ဖျက်ဆီးခံရခြင်း ဖြစ်သည်။

 

နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့တွင် လွန်ခဲ့သောသီတင်းပတ်များက သက်တမ်းလွန် ဆေးဝါးနှင့် အစားအစာ တန်ချိန် ၁၀၀၀ အား အာဏာပိုင်များက ဖျက်ဆီးခဲ့သည်။

 

အာဖဂန်အစိုးရက နိုင်ငံအတွင်း တရားမဝင်ရောင်းချခြင်းနှင့် ဆေးဝါး၊ အစားအစာများအား ဖျက်ဆီးခြင်းတို့ကို ထိရောက်စွာနှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို