၂၄ စက်တင်ဘာ
တာလီဘန်စစ်သွေးကြွ အုပ်စုအပေါ် လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ၄၀ သေဆုံးခဲ့ကြောင်း အာဖဂန်အစိုးရတပ်ဖွဲ့များက ပြောကြားခဲ့သည်။ အဆိုပါ အဖြစ်အပျက်အတွက် အစိုးရက စုံစမ်းမည်ဟု ဆိုသည်။
တနင်္ဂနွေနေ့ညတွင် ဟယ်မန်တောင်ပိုင်း ပြည်နယ်တွင် တာလီဘန်တို့ ပုန်းအောင်းရာ အရပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာဖဂန် အစိုးရက ကြေညာခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၂၂ ဉီး သေဆုံးခဲ့ပြီး အထူးတပ်ဖွဲ့ဝင် ၁၄ ဉီးနှင့် ပါကစ္စတန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
တနင်္လာနေ့ အတွင်းက ကြီးမားသည့် လေကြောင်း တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာ အရပ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း ဟယ်လ်မန် အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ဒေသခံ အများအပြားမှာ မင်္ဂလာဆောင်တွင် ရောက်ရှိနေချိန် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်