မေ ၂၆
ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ ယမန်နေ့က နေရပ်ပြန်လာသော အာဖဂန်ဒုက္ခသည် ၄၈၀ ရှိကြောင်း နိုင်ငံပိုင် ဘတ်ရှ်တာသတင်းအေဂျင်စီက ယနေ့တွင်သတင်းဖော်ပြထားသည်။
ယခင်အာဖဂန်နေရပ်ပြန်ဒုက္ခသည်များအားလုံး နေရပ်ပြန်လာပြီးနောက် လိုအပ်ထောက်ပံ့မှုများရရှိခဲ့သည်ဟု ထပ်လောင်း ဖော်ပြထားသည်။
လွန်ခဲ့သောသီတင်းပတ်က အီရန်နှင့်ပါကစ္စတန်နိုင်ငံတို့မှ အာဖဂန်နိုင်ငံသို့ပြန်လာသော အာဖဂန်ဒုက္ခသည် ၃၃၀၀ ကျော်ရှိသည်ဟု သိရသည်။
နိုင်ငံရပ်ခြားတွင်နေထိုင်သော အာဖဂန်ဒုက္ခသည် ခုနစ်သန်းခန့်ရှိပြီး လွန်ခဲ့သောနှစ်အတွင်း အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ ပြန်လာသော အာဖဂန်ဒုက္ခသည် နှစ်သန်းရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို