၁၈ ဩဂုတ်

 

အာဖဂနစ္စတန်နိုင်ငံရဲ့ ၁၀၁ နှစ်ပြည့် လွတ်လပ်ရေးနေ့နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်နေစဉ် ကားနှစ်စင်းပေါ်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူလူထု အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

 

သမ္မတအိမ်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို သမ္မတ တက်ရောက်အပြီး ကာဘူးမြို့တော်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ကားနှစ်စင်းပေါ်ကနေ ဒုံးကျည် ၁၄ ချက် ပစ်ခတ်ခဲ့ရာ အများစုဟာ ပြည်သူလူထုတွေရဲ့ အိမ်တွေပေါ်ကို ကျရောက်ခဲ့ကြောင်း၊ ကလေးလေးဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင်  ၁၀ ဦး ဒဏ်ရာရှိကြောင်းနဲ့ တိုက်ခိုက်မှုကို ကျူးလွန်သူလို့ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

အာဖဂန် အစိုးရနဲ့ တာလီဘန်တို့ကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ချိန်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေပွဲတွေ ပြုလုပ်နေချိန် တာလီဘန် အကျဉ်းသား ၄၀၀ ကို ပြီးခဲ့တဲ့သီတင်းပတ်က လွှတ်ပေးခဲ့ပါတယ်။

 

အာဖဂန်နိုင်ငံဟာ ဗြိတိန်ရဲ့လွမ်းမိုးမှုအောက် မှ ၁၉၁၉ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn