၁၆ ဒီဇင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ယနေ့ သံလိုက်ဗုံး ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဒေါ့ ဖာရာမာဇ် က ဆိုသည်။
အဆိုပါ ပေါက်ကွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။
ယင်းဗုံးပေါက်ကွဲမှုသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ကဘူးလ် ဒုတိယ အုပ်ချုပ်ရေးမှူး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို