ကဘူးလ်   ဇွန်   ၁၄

အာဖဂန်နစ္စတန်၌ တာလီဘန်တို့က မိန်းကလေးများ အလယ်တန်းကျောင်းတက်ရောက်ခြင်းကို တားမြစ် သည်မှာ  ရက်ပေါင်း ၁၀၀၀  ကျော်ရှိပြီဖြစ်သည်။ မိန်းကလေးများ၏  ဘဝနှင့် အနာဂတ် များ  ပျက်စီးလျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။

ယင်းသို့ မိန်းကလေးများအပေါ် အလယ်တန်းပညာသင်ကြားခွင့်တားမြစ်ခြင်းမှာ ဝမ်းနည်းဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ   ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပညာသင်ကြားခွင့် ရက်ပေါင်း ၁၀၀၀ ဆုံးရှုံးမှုမှာ အာဖဂန် မိန်းကလေးများအတွက် ပညာသင်ကြားမှုနာရီပေါင်း သုံးဘီလီယံအထိ တိုးမြှင့်လာကြောင်း ယူနီဆက်က ပြောသည်။

၎င်းတို့ကို   စာသင်ခန်းအတွင်းမှ   ထုတ်ပယ်ခြင်းသည်  ပညာသင်ကြားခွင့်ကို   ချိုးဖောက်ခြင်း ဖြစ်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်ဟု ယူနီဆက်က ပြောကြားသည်။ တာလီဘန်တို့သည် အလုပ်လုပ်ရန်တားမြစ်ထားပြီးဖြစ်သည့် အမျိုးသမီးအရပ်ဘက်ဝန်ထမ်း များအား မိမိတို့၏လစာများကို အနိမ့်ဆုံးအထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း  ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက  ပြောကြားသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း တာလီဘန်တို့က အာဏာပြန်လည်ရရှိသည့်အချိန်မှစကာ  အလယ် တန်းကျောင်းများတက်ရောက်မှုကို တားမြစ်ခံထားရသည့် အာဖဂန်မိန်းကလေး  ၁ ဒသမ ၅ သန်း ခန့်ရှိကြောင်း သိရသည်။                           

ဆင်ဟွာ