၂ အောက်တိုဘာ

 

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် နေတိုး ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အိုင်အက်စ်စစ်သွေးကြွ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရက ယနေ့ပြောကြားခဲ့သည်။

 

 

နာဂါဟာပြည်နယ်၊ ခိုဂျာနီခရိုင်၊ ဝါဇီရာကျေးရွာရှိ စစ်သွေးကြွများ နေထိုင်ရာ ခြံဝင်းကို ညွန့်ပေါင်းတပ်ဖွဲ့က မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ငါးဦးသေဆုံးခဲ့ကြောင်း အစိုးရက ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

 

စစ်သွေးကြွများ ပိုင်ဆိုင်သော လက်နက်နှင့် ခဲယမ်းမီးကျောက် အချို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ထိုကြေညာချက်အရ သိရသည်။

 

 

အိုင်အက်စ် စစ်သွေးကြွအုပ်စုဘက်မှ အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို