၃ စက်တင်ဘာ
တာလီဘန် တို့သည် ကဘူးလ် ကားဗုံးဖောက်ခွဲမှုကြီးတစ်ခုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့သည့်အခိုက် အာဖဂန်နစ္စတန် နိုင်ငံရှိ ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က အမေရိကန်စစ်တပ်များ ပြန်လည်ရုပ်သိမ်းရေးကို ခွင့်ပြုမည့် ငြိမ်းချမ်းရေးသဘောတူညီချက် မူကြမ်းတစ်ခု ထုတ်ပြန်ကြေညာသည်။
ယမန်နေ့က ပေါက်ကွဲမှုကြောင့် အရပ်သားငါးဦးသေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းနေ့မှာပင် အာဖဂန်မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်နိုင်ငံ နှင့် တာလီဘန် တို့သည် ငြိမ်းချမ်းရေးသဘောတူညီချက် မူကြမ်းတစ်ခုနှင့်ပတ်သက်ပြီး မူအားဖြင့် သဘောတူခဲ့ကြကြောင်း အမေရိကန် ကိုယ်စားလှယ် ဇာလ်မေ ခါလီလ်ဇက် က ဒေသရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကာတာရှိ တာလီဘန်နှင့် ကိုးကြိမ်မြောက်ဆွေးနွေးပွဲအတွင်း ထိုသဘောတူညီချက် ရခဲ့သည်။ တာလီဘန်တို့က ၎င်းတို့၏ စည်းကမ်းချက်များ လိုက်နာမည်ဆိုလျှင် နိုင်ငံအတွင်း တိုက်ပွဲများ ၁၈ နှစ်ကြာဖြစ်ပွားခဲ့ပြီးနောက် အာဖဂန်နစ္စတန် မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာမည်ဖြစ်ကြောင်း ခါလီလ်ဇက် က ဆိုသည်။
ထိုသဘောတူညီချက်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ထောက်ခံမှု လိုအပ်နေဆဲဖြစ်သည်။ အဆိုပါ အုပ်စုသည် အလုပ်သဘောဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသော်လည်း ထိုသဘောတူညီချက်၏ အခြေခံအကြမ်းဖျင်းကို သဘောတူခဲ့ကြကြောင်း တာလီဘန် ကိုယ်စားလှယ် တစ်ဦးက သတင်းထောက်များကို ပြောကြားသည်။
နောက်ဆုံး အဆင့် သဘောတူညီချက်ရရန် နှစ်ဘက်အဖွဲ့များ၏ အလားအလာ နှင့်ပတ်သက်၍ နောက်ဆုံးအကြမ်းဖက်လုပ်ရပ်က မရေမရာဖြစ်မှုကို မီးမောင်းထိုးပြသခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို