၂၈ ဇွန်
စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း Daikundi ပြည်နယ် Kajran ခရိုင်ရှိ လုံခြုံရေးဂိတ်များကို ယနေ့မနက်စောပိုင်းက တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Ahla Rahmati ကပြောကြားခဲ့သည်။
စစ်သွေးကြွများသည် ရဲတပ်ဖွဲ့နှင့် အချိန်အတန်ကြာ အပြန်အလှန်ပစ်ခတ်ကြကာ ဒဏ်ရာရ သေဆုံးသူများလည်းရှိပြီး ထွက်ပြေးသွားကြကြောင်း၊ သို့သော်လည်း ဒဏ်ရာရသေဆုံးသူများစာရင်းကို အတိအကျ မသိရသေးကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွများဘက်က ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယခုထိမှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို