ဖေဖော်ဝါရီ ၁၈
အာဖဂန်နစ္စတန်အရှေ့ပိုင်း Wardak ပြည်နယ်တွင် ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ယနေ့တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ပြည်နယ်၏မြို့တော် Maidan Shar တွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတွင် လူတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများ၏အကူအညီဖြင့် ဒဏ်ရာရရှိသူများကို ပြည်နယ်ကျန်းမာရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီး ကုသမှုခံယူစေခဲ့သည်။
ဒေသခံအာဏာပိုင်များက နောင်တွင် အလားတူဖြစ်ရပ်များမဖြစ်ပွားစေရန် ဓာတ်ငွေ့ဆလင်ဒါများကို အသုံးပြုသည့်အခါ ဘေးကင်းရေးကြိုတင်ကာကွယ်မှုများပြုလုပ်ရန် နိုင်ငံသားများအား တိုက်တွန်းပြောကြား ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


