အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း၊ ဘာကက်ပြည်နယ်တွင် အာဖဂန်တပ်ဖွဲ့ဝင်များနှင့် တာလီဘန်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်ပွားရာ လူပေါင်း ၇ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်တပ်မတော်မှ မီဒီယာအရာရှိ အဗ္ဗဒူလာဟာဒီဂျာမယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တာလီဘန် စစ်သွေးကြွအုပ်စုက တနင်္လာနေ့က အဝေးပြေးလမ်းမကြီးတစ်လျှောက် ဧရိယာအတွင်းရှိ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ခုနှစ်ဦးသေဆုံး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဖာရက်ခရိုင်မှ ဂျော်ဇန်မြောက်ပိုင်း ဘာဟက်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးတွင် ငြိမ်းချမ်းရေး ရရှိရန်အတွက် လုံခြုံရေးတပ်ဖွဲ့က စစ်သွေးကြွများက တိုက်ခိုက်နေခြင်းဖြစ်သည်။
ဒေသတွင်းရှိ ရဲတပ်ဖွဲ့ကိုကူညီရန် တပ်မတော်မှတပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ထိုနေရာမှ စစ်သွေးကြွများ ထွက်ပြေးသွားခဲ့ကြောင်း အာဖဂန်နစ္စတန်တပ်မတော်၏ မြောက်ပိုင်းနယ်မြေ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ မိုဟာမက် ဟာနီဇန်ရီက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘသာပြန်-မေဇော်ထက်
