ဟီရတ်၊ အောက်တိုဘာ ၈

 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ငလျင်အများအပြား လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၅၃ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားသဘာဝဘေးဆိုင်ရာ အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မူးလ် လာ   ဂျနန်က   အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

 

အောက်တိုဘာ ၇ ရက်က ဟီရတ်နှင့်   အိမ်နီးချင်း ဘတ်ဟစ်၊ ဖာရာပြည်နယ်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်များ ကြောင့် လူပေါင်း ၉၂၄၀ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ် ၁၃၄၀ မှာလည်း ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဟီရတ်မြို့၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်  တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

တရုတ်  ငလျင်ကွန်ရက် စင်တာ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် နောက်ဆက်တွဲ ငလျင်ငယ်အများ အပြားလည်း  လှုပ်ခတ်ခဲ့ကြောင်း  သိရသည်။

 

ပထမ ငလျင်လှုပ်ခတ်မှုမှာ ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများကို  ၎င်းတို့ နေအိမ်မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဒေသအာဏာပိုင်များသည် ဘေးဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေး အသင်းအဖွဲ့များ စေလွှတ်ထားကြောင်း သိရသည်။

 

ဆင်ဟွာ