၁၈ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင် တာလီဘန်စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် တရားသူကြီး တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ တာဝန်ရှိသူ တစ်ဦး က ယနေ့တွင် ပြောကြားခဲ့သည်။
ယမန်နေ့ညနှောင်းပိုင်းက စစ်သွေးကြွအုပ်စုတစ်စု၏ ပစ်ခတ်မှုကြောင့် Shaidaye ဒေသ အင်ဂျယ်လ် ခရိုင်တွင် အဗ္ဗဒူလ် ရာဟင် အာဇီမီ သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျေလာနီ ဖာဟတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဇီမီ သည် အင်ဂျယ်လ်ခရိုင် တရားရုံးချုပ်တွင် တရားသူကြီး တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန်ဒါဟာပြည်နယ် တောင်ပိုင်း ဒန်ခရိုင်တွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရဲအရာရှိ နှစ်ဦး သေဆုံးခဲ့သည်။
၂၀၁၉ ခုနှစ် ပဋိပက္ခနှင့်ဆက်နွယ်သော ဖြစ်ရပ်များတွင် အရပ်သား ၂၈၀၀ သေဆုံးခဲ့ပြီး ၇၉၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင် (AIHRC) က ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို