စက်တင်ဘာ ၆
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ရုရှားသံရုံးရှေ့တွင် ယမန်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ရုရှားသံရုံး၌ ဗီဇာလျှောက်ထားရန် လူအများအပြားစုဝေးနေချိန်တွင် အမျိုးသားတစ်ဦးချဉ်းကပ်လာပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းမရှိချေ။
ထိုဝန်ကြီးဌာနက ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးတဝိုက်ကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှုများစတင် လုပ်ဆောင်ခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို