ကဘူး  မတ်  ၄

ပြီးခဲ့သောနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကန်ဒက်ဇ်ပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပေါင်း  ၂၇၀ ကျော်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

အာဖဂန်အစိုးရက စီမံကိန်း ၈၄ ခုကို အမေရိကန်ဒေါ်လာ ၉၃ သန်းခန့် ကုန်ကျခံကာ ဆောင်ရွက်ခဲ့သည်။ ကျန်စီမံကိန်းများကို နိုင်ငံတော်နှင့် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများက  ဒေါ်လာ  ၅၆  သန်း အကုန်အကျခံကာ အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများတွင် လမ်းဖောက်လုပ်ခြင်းနှင့် လမ်းခင်းခြင်း၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ပြည်သူ့ကျန်းမာရေးနှင့် အခြားသောပြည်သူ့ ဝန်ဆောင်မှုကဏ္ဍများ အပါအဝင် အခြားသောကဏ္ဍများစွာ ပါဝင်သည်။

အာဖဂန်နစ္စတန် အာဏာပိုင်များနှင့် အကူအညီပေးရေးအေဂျင်စီများက အာဖဂန်နစ္စတန် မြောက်ပိုင်းရှိ  ကန်ဒက်ဇ်ပြည်နယ်အတွင်း၌ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ  မြှင့်တင်ရန်နှင့် ဒေသခံလူထုများ လူမှုစီးပွားဘဝတည်ငြိမ်စေရန် ကြိုးပမ်းလျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုလုပ်ငန်းအများအပြားကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်