ဖေဖော်ဝါရီ ၁၇

 အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဂေါပြည်နယ်တွင် နှင်းထုပြိုကျမှုကြောင့် သုံးဦးသေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဘဒူလ်ရတ်မန်ဘာဒီက ယနေ့တွင်ပြောကြားသည်။

အဆိုပါသဘာဝဘေးသည် ပါဆာဝန်ခရိုင် အန်ကာချာကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟီလ်မန်ပြည်နယ်တောင်ပိုင်းသို့ သွားမည့်လမ်းသွားလမ်းလာသုံးဦးသေဆုံးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ရဲတပ်ဖွဲ့က ၎င်းသုံးဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏မိသားစုဝင်များထံသို့လွှဲပြောင်းပေးခဲ့သည်ဟု ၎င်းကဆိုသည်။

အလားတူဖြစ်ရပ်မျိုး လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်ကျော်က မြောက်ပိုင်းဘာဒက်ရှန်နှင့်ဖာရတ်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

တောင်ထူထပ်သောအာဖဂန်ဒေသများတွင် လွန်ခဲ့သောလက အအေးပိုသောရာသီဉတုနှင့် ဆီးနှင်းများထူထပ်စွာ ကျဆင်းမှုတို့ကြောင့် မြို့တော်ကဘူးလ်နှင့် ပြည်နယ်အချို့ကိုဆက်သွယ်ထားသည့် အဝေးပြေးလမ်းများနှင့် လမ်းမများ ပိတ်ထားရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို