အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ် ကူရှစ်ရှာခရိုင်တွင် အင်္ဂါနေ့က တာလီဘန်တို့ ပုန်းအောင်းရာ နေရာကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ အန်နီမူလပ်အိုမာခီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 

mdn

 

၄င်း၏ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သောင်းကျန်းသူ လေးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်သွေးကြွ လေးဦး ပျောက်ဆုံးခဲ့သည်။

တာလီဘန် စစ်သွေးကြွများဖက်မှ မည့်သည့်မှတ်ချက်ကိုမှ ယခုတိုင် မပေးသေးပေ။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

mdn