ခူဒက်ဇ် နိုဝင်ဘာ ၂၄
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခူဒက်ဇ်ပြည်နယ်၌ နိုဝင်ဘာ ၂၃ ရက်က ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ရာ နေအိမ်များဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း ဒေသခံအရာရှိ တစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။
အလီယာဘတ် ခရိုင်နှင့် ခါနာဘတ်ခရိုင်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။ ဒေသခံများ၏ နေအိမ် ၃၇၀ ပျက်စီးခဲ့ပြီး စိုက်ပျိုးဧက ၁၁၀၀ ကျော် ပျက်စီးသွားခဲ့သည်ဟု သဘာဝ ဘေးစီမံခန့်ခွဲမှုဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူး မိုဟာမက် ဂျာဝတ်က ပြောသည်။
သဘာဝဘေးကြောင့် ဘဏ္ဍာရေးအရ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများ ပျက်စီးသွားခဲ့ရာ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ငွေကြေးဆုံးရှုံးမှုများပြားသည်ဟု ဂျာဝတ်က ပြောသည်။ အကူအညီများ ထောက်ပံ့ပေးရန်နှင့် ပျက်စီးဆုံးရှုံးမှုများကိုအကဲဖြတ်ရန် စစ်တမ်းကောက်ယူသည့် အဖွဲ့များကို ရေကြီးမှု ဖြစ်ပွားရာဒေသသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ