၂၈ ဇူလိုင်

 

 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ရဲကားတစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဒရပ်ဖရာမတ်ဇ် ကပြောကြားခဲ့သည်။

 

 

ဘဒမ် ဘတ်ရှ်ဒေသတွင် ယနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိုနေရာမှာပင် သေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

 

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကနဦး စစ်ဆေးမှု လုပ်ဆောင်နေကြောင်း၊ အသေးစိတ် အချက်အလက်များမသိရှိရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို