မတ် ၂၄
အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ရန်ပြည်နယ်အလယ်ပိုင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက မီနီဘတ်စ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည်နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိိသူ ခါဝါနီရာဆာက ယနေ့တွင် ပြောကြားသည်။
အဆိုပါယာဉ်မတော်တဆမှုသည် ဝါရတ်ခရိုင်တွင် ထိုယာဉ်မောင်း၏ဂရုစိုက်မောင်းနှင်ခြင်းမရှိမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုယာဉ်တိမ်းမှောက်မှုကြောင့် ပုံမှန်ခရီးသွားလာနေသူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ရာ ထိုငါးဦးအနက် နှစ်ဦးမှာအခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
၎င်းယာဉ်မတော်တဆဖြစ်မှုသည် မတ်လ ၂၁ ရက်နေ့နောက်ပိုင်းတွင် လေးကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ တာခါပြည်နယ်၊ နူရစ်စတန်နှင့် လိုဂါတို့တွင် မတ်လ ၂၁ ရက်နှင့် ၂၂ ရက်တို့က ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် လမ်းမများယိုယွင်းပျက်စီးခြင်း၊ ခရီးသွားလာနေစဉ်အတွင်း လုံခြုံရေးအစီအမံများအားနည်းခြင်း၊ ယာဉ်အိုယာဉ်ဟောင်းများအသုံးပြုခြင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို