မေ ၃၀

 

အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သောလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ၄၂ ဦးသေဆုံးပြီး အခြား ၄၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှာဖိလာရာဟီမီက ပြောကြားသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ် ၃၄၁ လုံးနှင့် စိုက်ပျိုးမြေဧက ၂၀၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း ရာဟီမီ၏ပြောကြားချက်ကိုကိုးကားပြီး ဒေသတွင်းတိုလိုနယူးစ်ရုပ်သံဌာနက ဖော်ပြထားသည်။

 

နိုင်ငံအတွင်းရှိပြည်နယ် ၃၄ ခုအနက် ၂၃ ခုတွင် သဘာဝဘေးဒဏ်သင့်လျက်ရှိရာ ကန်ဒါဟာ၊ ကူနာ၊ ခို့တ်၊ ဘာဒတ်ဆန်၊ ကာပစ်ဆာနှင့် ဒါကူဒီတို့သည် သဘာဝဘေးဒဏ်အများဆုံးခံရသော ပြည်နယ်များဖြစ်သည်။

 

စစ်ဘေးဒဏ်ခံရသောနိုင်ငံဖြစ်သည့် အာဖဂန်နိုင်ငံ၏ ဒေသအများအပြားတွင် လာမည့်သုံးရက်အတွင်း လေပြင်းတိုက်ခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းနှင့်အတူ မိုးပိုမိုရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို