ကဘူး အောက်တိုဘာ ၁၅

အာဖဂန်နစ္စတန်နိုင်ငံ အနောက် ပိုင်း ဟီရတ်စီရင်စု၌ အောက်တိုဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၆ မိနစ်တွင်    ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည့် ငလျင်တစ်ခု     လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းက ဆိုသည်။    ငလျင်သက်ရောက်မှုသည်   ၆ ဒသမ ၃ ကီလိုမီတာ အနက်ရှိမည်ဟု ခန့်မှန်းရသည်။

အဆိုပါ    ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်  မိနစ် ၂၀ အကြာတွင် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်တစ်ခု   ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။  မြေငလျင်ကြောင့် တစ်ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၉၀  ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၇ ရက်က   နိုင်ငံအနောက်ပိုင်းရှိ ဟီရတ်စီရင်စု၌ ပြင်းအား ၆ ဒသမ ၃  ရှိသည့်  ငလျင်နှစ်ခု   လှုပ်ခဲ့ပြီး နောက်လေးရက်ခန့်အကြာတွင် နောက်ထပ်ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ   ငလျင်တစ်ခု   ထပ်မံလှုပ်ခတ်ခဲ့သည်။

ငလျင်များ   ဆက်တိုက်လှုပ်ခတ်မှုကြောင့် ၂၀၀၀ ကျော် သေဆုံးပြီး အိမ်ခြေ ၂၀၀၀ ကျော် ပြိုကျပျက်စီး ခဲ့ကြောင်း တာလီဘန်  ယာယီအစိုးရက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်