ကဘူးလ် ၂၂ ဒီဇင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ၌ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရသူ ၅ ဒသမ ၅ သန်းအပါအဝင် ပြည်သူ ၁၆ သန်းခန့်သည် အရေးပေါ်ထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောကြားခဲ့သည်။
အာဖဂန်ပြည်သူ ၁၆ သန်းသည် အရေးပေါ် အကူအညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ကဘူးလ်မြို့ အခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြသည်။
ပြည်တွင်းစစ်ပွဲများကြောင့် ၂၀၁၅ ခုနှစ်တွင် အာဖဂန် နစ္စတန်ပြည်သူ ၃၇ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်အတွင်း ပြည်သူ ၇၆ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့်ရင်ဆိုင်နေရသူ ၁၃ ဒသမ၉ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁၆ ဒသမ ၉ သန်း အထိမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံအတွင်း စီးပွားရေးကျဆင်းလာကာ ပြည်သူများ အနေဖြင့် အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး စိတ်ဓာတ်ကျဆင်းမှုများလည်း ရှိနေကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်