မေ ၁၃
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘက်ဟ်လန်နှင့် တက်ဟာပြည်နယ်တွင် မေလ ၁၀ ရက်ဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူပေါင်း ၁၆၀ ထက်မနည်းသေဆုံးခဲ့သည်။ အဆိုပါရေကြီးမှုများကြောင့် လူ ၂၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဒေသခံပြည်သူအများအပြားသည် ၎င်းတို့၏နေအိမ်များ ဆုံးရှုံးသွားခဲ့ပြီး နေအိမ်အလုံးပေါင်း ၈၀၀၀ ကျော် လုံးဝပျက်စီး သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါများနှင့် နာမကျန်းဖြစ်ပွားမှုများပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ မကြာသေးမီက ဖြစ်ပွားသောရေကြီးရေလျှံမှုများကြောင့် အဆောက်အအုံများပျက်စီးပြီး အာဖဂန်နိုင်ငံတွင် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို