စက်တင်ဘာ ၁၂
အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နေ့ညပိုင်းက ဘာဒက်ဟန်ပြည်နယ် ဖာဇာဘတ်မြို့တော်အပြင်ရှိ လျှိုမြောင်အတွင်းသို့ ကားတစ်စီးထိုးကျသွားခဲ့ရာ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာနအကြီးအကဲ မာဇာဒင်အာမတ်ဒီက ယနေ့တွင် ပြောကြားသည်။
ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် လမ်းများဆိုးရွားမှုတို့ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားလေ့ရှိသည်ဟု ထိုတာဝန်ရှိသူကဆိုသည်။
ထိုမတော်တဆမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။
မြောက်ပိုင်းဘတ်လန်ပြည်နယ် ကင်ဂျန်ခရိုင်တွင် စက်တင်ဘာလ ၁၀ ရက်က အလားတူမတော်တဆမှုမျိုးဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို