အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား နှစ်ဦးသေဆုံး

၂၂ သြဂုတ်

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နေ့က အမေရိကန်စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း နေတိုးဦးဆောင်သော Resolute Support (RS) က ယနေ့အတည်ပြုထုတ်ပြန်ခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဦးစီးဌာန၏ မူဝါဒအရ သေဆုံးသူနှစ်ဦး၏ အမည်များကို ၂၄နာရီ ကြာသည်အထိထုတ်ပြန်ခြင်းမပြုရကြောင်း ပြောဆိုကာ အသေးစိတ်အချက်အလက်များကို ယင်းကြေညာချက်အကျဉ်းချုပ်တွင် ဖော်ပြထားခြင်းမရှိပေ။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နေတိုးနှင့်အမေရိကန်တပ်ဖွဲ့များမှ လုံခြုံရေးတာဝန်များ အပြည့်အဝ လက်ခံခဲ့ကြသည်။

ဒေသခံ လုံခြုံရေးတပ်ဖွဲ့များက သောင်းကျန်းသူများကို တိုက်ခိုက်ရာတွင် ကူညီပေးရန်နှင့် လေ့ကျင့်ပေးရန် နိုင်ငံခြားတပ်စစ်သားဦးရေ ၁၆၀ဝ၀ ခန့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆက်လက်ရှိနေသေးကြောင်း ဖော်ပြထားသည်။

အမေရိကန် နှင့် အာဖဂန်နစ္စတန် တာလီဘန်အုပ်စုတို့၏ ဒိုဟာမြို့တော် တွင် လတ်တလောပြုလုပ်နေသည့်ဆွေးနွေးပွဲများသည် ၁၈ နှစ်ကြာတိုက်ခိုက်မှုကို အဆုံးသတ်မည်ဟု မျှော်လင့်နေချိန်တွင် ထိုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို