၂ မေ

 

လုံခြုံရေးတပ်ဖွဲ့များက တာလီဘန်တို့ ပုန်းအောင်းရာအရပ်ဖြစ်သော  ယူရုဂန်ပြည်နယ်တောင်ပိုင်း တရင်ကွတ် မြို့တော် အပြင်ဘက်ကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ရာ စစ်သွေးကြွ လေးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ဘက် က သတင်းထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် ၁၂ နာရီကျော်က တာလီဘန် တို့ ပုန်းအောင်ရာနေရာကို ပစ်မှတ်ထားပြီး လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ လေးဦးသေဆုံးခဲ့သည့်အပြင် အခြားသုံးဦး ဒဏ်ရာရခဲ့ပြီး စစ်သွေးကြွများ၏ လက်နက်သိုလှောင်ရုံကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်အရ  သိရသည်။

 

လုံခြုံရေးဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သားများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တာလီဘန်တို့ဘက်မှ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို