အာဖဂန်နစ္စတန်တောင်ပိုင်းတွင်  တိုက်ပွဲဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး ၊ ၄ ဦး ဒဏ်ရာရ

၅ ဇူလိုင်

 

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ် Miwand ခရိုင်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ Hajji Lala က ယနေ့အတည်ပြုပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွ အုပ်စုတစ်စုက Miwand ခရိုင် Miwand ဈေးနယ်မြေရှိ လုံခြုံရေးဂိတ်များကို ယမန်နေ့ညပိုင်းက  စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရဲအဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများသည် ထိုတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရပြီးနောက် ထွက်ပြေးခဲ့ကြကြောင်း ၊ တာလီဘန်တို့ဘက်မှ ထိခိုက်ဒဏ်ရာရ သေဆုံးသူများစာရင်းကို မသိရှိရသေကြောင်း  ၎င်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများကမူ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပေ။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို