၁၈ အောက်တိုဘာ

 

အာဖဂန်နစ္စတန်နိုင်ငံတွင် စက်တင်ဘာလအထိ သုံးလတာကာလအတွင်း အကြမ်းဖက်မှု နှင့် တိုက်ခိုက်မှုတို့ကြောင့် အရပ်သား သေဆုံးမှုများ စံချိန်တင်မြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂစစ်တမ်းတစ်ခုက ဖော်ပြသည်။

 

၂၀၁၉ ခုနှစ် တတိယ သုံးလပတ်ကာလအတွင်း အရပ်သား ၁၁၇၄ ဦးသေဆုံးခဲ့ပြီး ၃၁၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့က ဆိုသည်။

 

လေကြောင်းတိုက်ခိုက်မှုများကြောင့်လည်း လူပေါင်းများစွာ သေဆုံးခဲ့သည်ဟု ဆိုသည်။

 

တာလီဘန်တို့ကို ပစ်မှတ်ထားသည့် အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့်  အရပ်သား သေဆုံးမှုများ ဖြစ်ပွားခဲ့သဖြင့် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခဲ့သည်။

 

စက်တင်ဘာလအစောပိုင်းက တာလီဘန်နှင့်ငြိမ်းချမ်းရေး သဘောတူညီချက်မူကြမ်းရခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း ထိုသဘောတူညီမှုမှာ မဆုတ်သာမတိုးသာသော အခြေအနေဖြစ်နေခဲ့သည်။

 

တာလီဘန်နှင့် အစ္စလာ့မ်နိုင်ငံတော်စစ်သွေးကြွများ၏ ထပ်ခါတလဲလဲ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးအခြေအနေဆိုးရွားလာမှုကို ထိုကုလသမဂ္ဂစစ်တမ်း က ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို