၂၁ ဩဂုတ်
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကာပီဆာပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက စစ်သွေးကြွများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ကာ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုပြည်နယ် ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Shaeq Shurash က ပြောကြားခဲ့သည်။
အလာဆိုင် ခရိုင်တွင် မနက်အစောပိုင်းက တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားသဖြင့် ယင်းသို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။
Shaeq က အဆိုပါ တိုက်ခိုက်မှုအတွက် တာလီဘန်စစ်သွေးကြွများကို ပြစ်တင်ပြောဆိုခဲ့သည်။
စစ်သွေးကြွများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ကာ သေဆုံးဒဏ်ရာ ရရှိသွားသူ အားလုံးသည် အရပ်သားများဖြစ်ကြပြီး မိသားစုတစ်စုထဲမှ ဖြစ်သည်။
တာလီဘန် စစ်သွေးကြွအဖွဲ့ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို