ဒီဇင်ဘာ ၁၅
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့အစောပိုင်းက ဒေသရုပ်သံလိုင်း တစ်ခုတွင် ဖော်ပြခဲ့သည်။
ကဘူးလ် မြို့တော်၏ အရှေ့ဘက် အပိုင်းရှိ ရဲစစ်ဆေးရေးဂိတ် အပြင်ဘက်တွင် ရပ်နေသော ရဲတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် စစ်သွေးကြွများက မနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပစ်ခတ်ခဲ့ကြကြောင်း တိုလိုသတင်းရုပ်သံက ပြောကြားခဲ့သည်။
ထိုစစ်သွေးကြွများသည် ပစ်ခတ်မှုဖြစ်ပွားရာ နေရာမှ ထွက်ပြေးခဲ့ကြကြောင်းနှင့် ယင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်း မရှိသေးပေ။
ထိုတာလီဘန် စစ်သွေးကြွအုပ်စုသည် အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကို မကြာသေးမီ နှစ်များက ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
၎င်းလက်နက်ကိုင် တပ်ဖွဲ့က နေတိုးနှင့် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များနှင့် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမဆို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခံယူထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို