အာဖဂန်ပေါက်ကွဲမှုတွင် ကလေးငယ် ၇ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ၁၁ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ခုနှစ်ဦးပါဝင်ခဲ့သည်။ 

တမန်တော် မိုဟာမက် ဂူဗိမာန်သို့ လာရောက်သူများ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသန္တရ တာဝန်ရှိသူများကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

အဆိုပါ ယာဉ်သည် တနင်္လာနေ့က ကန်ဒါဟာပြည်နယ်လမ်းဘေးတွင် ရပ်ထားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂၂ဦးအပါအဝင် လူပေါင်း ၃၃ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

 

mdn

 

အဆိုပါ ပေါက်ကွဲမှုသည် မည့်သည့်အဖွဲ့၏ လက်ချက်မှန်း ယခုတိုင် မသိရသေးပေ။ 

ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်တွင် မြေမြုပ်မိုင်းသည့် အခြားဆက်စပ်ပစ္စည်းများကြောင့် လူပေါင်း ၁၄၀ဝ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု  ကုလသမဂ္ဂမိုင်းလှုပ်ရှားမှုဝန်ဆောင်မှု ထုတ်ပြန်ချက်အရ သိရသည်။ 

ထုတ်ပြန်ချက်များအရ ၂၀၁၂ နောက်ပိုင်း သုံးဆခန့်မြင့်တက်လာကြောင်း အဆိုပါ အေဂျင်စီက ပြောကြားသည်။

အဆိုပါ အစီရင်ခံစာတွင် ကလေးငယ်များသည် မြေမြုပ်မိုင်းကဲ့သို့ မပေါက်ကွဲသေးသည့် ခဲယမ်းလက်နက်များကြောင့် ထိခိုက်သေဆုံးမှုများမှာ ရှစ်ဆယ်ရာခိုင်နှုန်းရှိလာခဲ့သည်ဟု ဆိုသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်