အာဖဂန်ပြည်နယ်တွင် ဒုံးကျည်ထိပ်ဖူး ၄၀ သိမ်းဆည်းရမိ

၂၀ မတ်

အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက ဒုံးကျည်ထိပ်ဖူး ၄၀ သိမ်းဆည်းရမိခဲ့ပြီး နန်ဂါဟာ ပြည်နယ်အရှေ့ပိုင်းရှိ စစ်သွေးကြွ သုံးဦးကိုဖမ်းဆီးခဲ့ကြောင်း စစ်တပ်ဘက်က ယနေ့ ပြောကြားခဲ့သည်။

အာဖဂန် နယ်စပ်တပ်ဖွဲ့က မူမမ်ဒရ ခရိုင် ရှိ ကုန်တင်ယာဉ်ငယ် တစ်စီးတွင် ဒုံးကျည်ထိပ်ဖူး ၄၀ တင်ဆောင်လာသော စစ်သွေးကြွ သုံးဦးကို ယမန်နေ့ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်တပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ နယ်စပ်တပ်ဖွဲ့က သိမ်းယူထားသော ယာဉ်ငယ်နှင့် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ထိုဖမ်းဆီးရမိသော စစ်သွေးကြွများ၏ ကွင်းဆက်များနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ဟီရပ်အနောက်ပိုင်းပြည်နယ် မြို့တော် ဟီရပ်မြို့တွင် လမ်းဘေးရပ်ထားသော သုံးဘီးယာဉ်တွင်တပ်ဆင်ထားသောလက်လုပ်ဗုံး  ပြင်းထန်စွာပေါက်ကွဲခဲ့ရာ အရပ်သား တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘာသာပြန် -မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ