ကဘူးလ် ၁၇ ဇူလိုင်

အာဖဂန်တောင်ပိုင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးငယ် ခုနစ်ဦးထက်မနည်း ပါဝင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တမန်တော်မိုဟာမက်၏ ဂူဗိမာန်တစ်ခုဆီသို့သွားရာလမ်းပေါ်တွင် ရှိနေခဲ့ကြကြောင်း သိရသည်။ ဇူလိုင် ၁၅ ရက်က ကန်ဒါဟာပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လမ်းဘေးဗုံးပေါက်ကွဲမှုတွင် ၎င်းတို့၏ ယာဉ်မီးစွဲလောင်ခဲ့သည်။

ပေါက်ကွဲမှုအတွင်း ၃၃ ဦးမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၂၂ ဦးပါဝင်ကြောင်း သိရသည်။ မည်သည့်အဖွဲ့က မြေမြှုပ်မိုင်းထောင်ထားခဲ့ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

အာဖဂန်၌ မိုင်းများနှင့် အခြားပေါက်ကွဲပစ္စည်းများကြောင့်  ပြီးခဲ့သည့်နှစ်က အရပ်သား ၁၄၀ဝ ကျော် သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။ မြေမြှုပ်မိုင်းကဲ့သို့ လက်နက်များကြောင့် ကလေးငယ်များ သေဆုံးဒဏ်ရာရမှုမှာ ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အင်န်အိတ်ချ်ကေ