မိုင်းရယ် ၆ အောက်တိုဘာ
မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဌာနတို့မှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ဝက်ခြံများအတွင်း ဆေးဖျန်းခြင်း၊ ဝက်မွေးမြူသူများအား အသိပညာပေးလုပ်ငန်းများကို အောက်တိုဘာလ ၅ ရက်နေ့ က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


