အာဖရိကမှာ ဗိုင်းရပ်စ်ပိုးကို မထိန်းချုပ်နိုင်ခဲ့ရင် လူပေါင်း တစ်သိန်းကိုးသောင်းလောက် သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

၈ မေ

 

အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မထိန်းချုပ်နိုင်ခဲ့ရင် ပထမတစ်နှစ်အတွင်းမှာ လူပေါင်း ၁၉၀,၀၀၀ လောက်အထိ သေဆုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မနေ့က သတိပေးပြောကြားလိုက်ပါတယ်။

 

ဘာဇာဘီးရှိ အာဖရိက ဒေသတွင်းဆိုင်ရာ WHO ရုံးရဲ့ သုတေသနအရ လူပေါင်း ၂၉ သန်းကနေ ၄၄ သန်းအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ပြီး လူပေါင်း ၈၃,၀၀၀ ကနေ ၁၉၀,၀၀၀ အထိ သေဆုံးသွားနိုင်ကြောင်း သိရပါတယ်။ အခုသုတေသနဟာ ခန့်မှန်းခြေ သုတေသနနည်းကိုအသုံးပြီး နိုင်ငံပေါင်း ၄၇ နိုင်ငံရဲ့ လူပေါင်း တစ်ဘီလီယံကို အခြေခံပြီး စစ်တမ်းကောက်ယူခဲ့တာလို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါပေမယ့် အာဖရိကတိုက်အတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ လျော့ကျပြီး သေဆုံးမှု လည်း ဉရောပ၊ အမေရိကန်နဲ့ တခြားနေရာဒေသတွေထက် လျော့နည်းနေတာကိုလည်း တွေ့ရပါတယ်။

 

ကူးစပ်မှုနှုန်းနည်းနေပေမယ့် နှစ်အနည်းငယ်ကြာအောင် ပျံ့နှံ့နေနိုင်ကြောင်း၊ ဒေသတွင်းအစိုးရတွေက စွမ်းစွမ်းတမံ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် မလုပ်ခဲ့ဘူးဆိုရင် ဗိုင်းရပ်စ်ပိုးဟာ နောက်နှစ်အနည်းအထိ လူနေမှုဘဝကို ပြောင်းလဲသွားနိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် စစ်ဆေး၊ ရှာဖွေ၊ သီးသန့်ထား၊ ကုသမှုပေး စတာတွေ လုပ်ဖို့လိုအပ်ကြောင်း WHOရဲ့ အာဖရိက ဒါရိုက်တာက ပြောပါတယ်။

 

အာဖရိကတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၅၃,၃၃၄ ဦးရှိပြီး သေဆုံးသူ ၂,၀၆၅ ဦးသာရှိကြောင်း ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၂၆၇,၀၀၀ နီးပါးရှိကြောင်း မေ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

AFP