အဒစ္စအဘာဘာ အောက်တိုဘာ

အာဖရိက၌ ကိုဗစ် - ၁၉ ကူးစက်မှုများမှာ အောက်တိုဘာ ၂ ရက်တွင် ၈၃၂၆၉၂၅ ဦးရှိလာသည်ဟု အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် အာဖရိကသမဂ္ဂ၏ အထူးကျန်းမာ ရေးစောင့်ရှောက်မှု အေဂျင်စီ ဖြစ်ပြီး အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း မှာလည်း ၂၁၁၈၄၂ ဦးရှိသည်ဟု အဆိုပါအေဂျင်စီက ပြောသည်။

အာဖရိကတိုက်တစ်လွှား ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၇၆၆၄၈၈၆ ဦးရှိပြီ ဖြစ်သည်။ တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယို ပီးယားနိုင်ငံတို့မှာ အာဖရိကတိုက်တွင် ကိုဗစ်- ၁၉ ကူးစက်မှု မြင့်မားသည့် နိုင်ငံများဖြစ်ကြ သည်။

ရေတွက်မှုများအရ တောင်အာဖရိကမှာ ကူးစက်မှုအများဆုံးဒေသဖြစ်ပြီး ၎င်းနောက်တွင် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသတို့တွင် ကူးစက်မှုများပြားသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအရ သိရသည်။

ဆင်ဟွာ