ဇန်နဝါရီ ၂၆
အာဖရိကတွင် ယမန်နေ့ညနေပိုင်းကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၆၀၉၁၁၂ အထိရှိလာသည်ဟု အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာက အတည်ပြုပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၃၇၁၉၇ ဦးအထိ မြင့်တက်လာသည်။
အဆိုပါရောဂါကူးစက်ခံရရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၉၅၃၄၅၅၉ ဦးခန့်ရှိသည်။
အာဖရိကတိုက်ရှိ နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့တွင် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။
တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၃၅၈၂၆၉၁ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို