အဒစ်အဘာဘာ စက်တင်ဘာ ၃၀ 

အာဖရိက၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈၂၉၅၅၆၃ ဦးရှိလာကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ယနေ့ပြောသည်။

| အလားတူ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၂၁၀၆၄၈ ဦး ရှိပြီး ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၇၆၂၃၂၄၅ ဦးရှိကြောင်း သိရသည်။

ဒေသအတွင်းရှိ နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ လစ်ဗျား နှင့် အီသီယိုးပီးယားနိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာ  ခံစားနေရကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ဆိုသည်။

ထို့ပြင် အာဖရိကတောင်ပိုင်း၌ ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ရောဂါကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်