ဖေဖော်ဝါရီ ၈

အာဖရိကတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၉၃၃၈၁၄ ဦးအထိရှိလာကြောင်း အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ(အာဖရိကစီဒီစီ)က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၄၁၇၂၃ ဦး ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၉၉၆၉၉၆၆ ဦးအထိ ရှိသည်။

တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့သည် အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံများဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။

တောင်အာဖရိကနိုင်ငံသည် အာဖရိကတွင် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားသောနိုင်ငံဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရသူ ၃ ဒသမ ၆၂ သန်းကျော်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို