ထွန်းကျော်
အာဖရိက ၃၃ နိုင်ငံမှာ အိုမီခရွန်လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးကွဲ လျင်မြန်စွာကူးစက် ဖြစ်ပွားမှုနဲ့အတူ အာဖရိကရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ အခုဆိုရင် ၁၀ သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို
သတိပေး အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ ဇန်နဝါရီ ၈ ရက်အထိ အာဖရိကရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်ဟာ ၁၀၀၂၈၅၀၈ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူပေါင်းဟာလည်း ၂၃၁၁၅၇ ဦးအထိရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ ပမာဏဟာ ဇန်နဝါရီ ၉ ရက်မှာ ၁၀၀၆၅၀၈၂ ဦး အထိ ရောက်ရှိလာခဲ့ပြီး အရင်ရက်က ထက် ၃၆၅၇၄ ဦးအထိ တိုးလာခဲ့ပါတယ်။ အလားတူ သေဆုံးသူပေါင်းဟာလည်း ၂၃၁၄၃၇ ဦး ရောက်ရှိလာခဲ့တဲ့အတွက် အရင်ရက်ကထက် ၂၈၀ ဦး ပိုမိုသေဆုံး ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ သတိထားရလောက်အောင် မြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က အခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူအရေအတွက် တစ်သန်းကျော်အထိ တိုးလာဖို့ဆိုတာ တစ်လတောင် မပြည့်လိုက်ပါဘူး။ တစ်လမပြည့်တဲ့ အချိန်မှာ အခုလို ကြောက်စရာ ကောင်းလောက်အောင် တိုးလာတာဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ပိုပြီး ကာကွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို သတိပေးလိုက်သလိုပါပဲ။
အိုမီခရွန်ကြောင့် တောင်အာဖရိက ဆေးဘက်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အန်ဂျလိစ်ကို အက်ဇီးက ကူးစက်မြန် အိုမီခရွန် ဗိုင်းရပ်စ်ဟာ အရင်ဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးကူးစက်ဖြစ်ပွားမှု ပိုမြန်တဲ့အတွက် ဒီလောက်ရက်တိုတို လေးအတွင်းမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာတာ သူ့ကြောင့်လို့ ပြောပါတယ်။
တောင်အာဖရိကဟာ အမေရိကန် ပြည်ထောင်စု သို့မဟုတ် ဥရောပသမဂ္ဂတို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်းဟာ အရမ်းကို နည်းပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့သူတွေ၊ စိုးရိမ်ဖွယ် အခြေအနေအောက်မှာ နေထိုင်နေရသူတွေမှာ ဗိုင်းရပ်စ်ဟာ ပိုပြီး ဗီဇပြောင်းနိုင်ခြေရှိပြီး နောက်ထပ် အသွင်ပြောင်းမှုတွေ ပိုဖြစ်နိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။
ဗိုင်းရပ်စ်မှာ နယ်စပ်မရှိ
အာဖရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရောဂါခုခံနိုင်စွမ်းလေ့လာခြင်းနဲ့ ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါက်တာ ဖီအိုနာအသူဟီဘွဲက ဗိုင်းရပ်စ်မှာ နယ်စပ်မရှိဘူးလို့ ပြောလိုက်ပါတယ်။
အကယ်၍ နိုင်ငံတစ်နိုင်ငံမှာ ကာကွယ်ဆေးထိုးတဲ့နေရာမှာ နောက်ကောက်ကျနေမယ်ဆိုရင် ဗိုင်းရပ်စ်အတွက် ပိုပြီးကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်ဖို့ အချိန် ပိုပေးလိုက်သလိုပါပဲ။ ဒါကြောင့်ဝင်ငွေ မြင့်မားတဲ့နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို ကာကွယ်ဆေးတွေ မှန်မှန်ကန်ကန် ရရှိအောင် ကူညီလုပ်ဆောင် ပေးရမှာဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။
ကိုဗစ်-၁၉ လှိုင်းတစ်ခုထပ်ဖြစ်ဖို့ မီးလောင်ရာလေပင့်
ကင်ညာ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးပညာရှင် ကာဗင်စ် အက်ဟီးရား က အာဖရိကရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ရှည်ကြာနေမယ်ဆိုရင် ဒါဟာ နောက်ထပ် ကိုဗစ်-၁၉ လှိုင်းတစ်ခု ဖြစ်လာဖို့ မီးလောင်ရာ လေပင့်လိုက် သလိုပါပဲလို့ ပြောလိုက်ပါတယ်။
လူထုကို ဗိုင်းရပ်စ် ဖြစ်ပွားမှုမှ ကာကွယ်ဖို့ဆိုရင် အာဖရိကနိုင်ငံတွေဟာ အလုံပိတ် ကန့်သတ်ချက်များနဲ့အတူ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း မတတ်သာတဲ့ အဆုံးမှာ ကျင့်သုံးဖို့ ဖိအားနဲ့ လုပ်ဆောင်ရတော့ မှာဖြစ်ပါတယ်။ ဒါဟာ ရှိရင်းစွဲ ဆိုးရွားနေတဲ့ စီးပွားရေးကိုတော့ ပိုမိုဆိုးရွား စေနိုင်ပါတယ်လို့ သူက ပြောလိုက် ပါတယ်။
ကာကွယ်ဆေးထိုးနှုန်း အနည်းဆုံးဖြစ်
ခြုံပြီးပြောရမယ်ဆိုရင် အာဖရိကဟာ ကမ္ဘာမှာ ကာကွယ်ဆေးအနည်းဆုံးထိုးတဲ့ နေရာအဖြစ် ဆက်လက်ကျန်ရှိ နေပါသေးတယ်။ ဒီဇင်ဘာအစောပိုင်းမှာ ပြည်သူ ၉ ဒသမ ၆ သန်းလောက်သာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန် ကာကွယ် ဆေးထိုးနှုန်း ၄၀ ရာခိုင်နှုန်းနဲ့ ယှဉ်ကြည့် မယ်ဆိုရင် အများကြီး ကွာဟနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် သတ်မှတ်ကာလအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးတဲ့နှုန်းဟာ ၆၀ ရာခိုင်နှုန်းကျော်လွန်နေပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှုန်း ကြီးမားစွာ ကွာဟနေခြင်းက ကမ္ဘာ့အချမ်းသာဆုံးနဲ့ အာဖရိကနိုင်ငံတွေလိုဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေကြား ကြီးမားတဲ့ ပိုင်းခြားမှု တစ်ခုအဖြစ် ဖော်ပြနေပါတယ်။
နောက်ဝမ်းနည်းစရာကောင်းတာက အာဖရိကကိုလှူလိုက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအချို့ဟာ သက်တမ်း မကုန်လွန်မီမှာ မထိုးလိုက်နိုင်တာပဲဖြစ်ပါတယ်။ ။
ကိုဗစ်-၁၉ လုပ်ငန်းတွေကို လည်ပတ်ဖိုဒေါ်လာပြတ်တောက်နေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ စာရင်း ဇယားတွေအရ နိုင်ငံ ၅၀ ထက်မနည်းတဲ့ အာဖရိကနိုင်ငံ ခြောက်နိုင်ငံလောက်သာ ၂၀၂၁ ခုနှစ် နှစ်ကုန်ကာကွယ်ဆေးထိုး နှုန်းသတ်မှတ်ချက်ကို ပြည့်မီခဲ့ပြီး ၎င်းနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်း လောက်ကို ထိုးပေးနိုင်ခဲ့ပါတယ်။ အဲဒီ နိုင်ငံတွေမှာ မော်ရိုကို၊ တူနီးရှား၊ ရဝမ်ဒါ၊ ဘော့စ်ဝါနာ၊ ဆေးရှဲနဲ့ မောရစ်သျှ တို့ ဖြစ်ပါတယ်။
အခုလက်ရှိနှုန်းအတိုင်းဆိုရင် ၂၀၂၂ ခုနှစ် မေလမတိုင်ခင် အာဖရိကဟာ သူ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်ပြီး ၂၀၂၄ ခုနှစ် သြဂုတ် မတိုင်ခင်မှာ ၇၀ ရာခိုင်နှုန်းလောက်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အာဖရိကဟာ ကိုဗစ်-၁၉ နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို လည်ပတ်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ကပ်ရောဂါကို ဝိုင်းဝန်းတိုက်ထုတ်ဖို့ အချက်အချာနေရာကို ရောက်နေပြီ ဖြစ်ပါတယ်။ ကပ်ရောဂါနှိမ်နင်းဖို့
ထောက်ပံ့မှုတွေကို ပိုမိုလုပ်ဆောင်ရင်း ဒီကပ်ရောဂါကို ကမ္ဘာမြေပေါ်က အပြီးတိုင်မောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါကြား နေထိုင်ရှင်သန်နိုင်အောင် လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကိုလည်း တတ်နိုင်သလောက် ထိုးထားကြဖို့ လိုအပ်သလို ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေကိုလည်း လိုက်နာ လုပ်ဆောင်သွားဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒီလိုမှသာ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အာဖရိကမှာသာမက ကမ္ဘာပေါ်က ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။
ကိုးကား ဆင်ဟွာ