၁၄ ဇန်နဝါရီ

 

 

အာဖရိကသမဂ္ဂ(AU)က အာဖရိကတိုက်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၂၇၀ ရရှိပြီးကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြောညာလိုက်ပါတယ်။ သဘောတူညီချက် ရရှိပြီးထားသော ကာကွယ်ဆေးတွေဟာ ကာကွယ်ဆေး ထိုးနှံရေးအတွက် ငွေကြေးလိုအပ်တဲ့ နိုင်ငံတွေအား ကူညီသွားနိုင်မယ်လို့ ထည့်သွင်းပြောကြားပါတယ်။

 

 

ကာကွယ်ဆေး သန်း ၂၇၀ ဟာ Pfizer ထုတ်ကာကွယ်ဆေး၊ AstraZeneca ထုတ်ဆေးနဲ့ Johnson & Johnson က ထုတ်လုပ်မယ့် ဆေးတွေဖြစ်ကြောင်း သိရပါတယ်။

 

 

အာဖရိကသမဂ္ဂ (AU)ရဲ့ လက်ရှိဉက္ကဌ တောင်အာဖရိက သမ္မတ က ဆေး သန်း ၂၇၀ ဟာ ၂၀၂၁ ခုနှစ် အတွင်းမှာ ရရှိမှာဖြစ်ကြောင်း ကတိပေး ပြောကြားပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကနေ ဇွန်လ အတွင်းမှာ ကာကွယ်ဆေး အနည်းဆုံး သန်း ၅၀ ရရှိမယ်လို့ သိရပေမယ့် ရက်အတိကျကို ထည့်သွင်း ပြောကြားခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ကုလသမဂ္ဂရဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအား ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ် Covax ကနေ အာဖရိကအတွက် ဆေး ၂ ဘီလီယံ ရရှိရေး သဘောတူညီချက်ဟာ မအောင်မြင်သေးဘဲ  ဆေးအလုံးပေါင်း သန်း ၆၀၀ ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

 

 

အာဖရိကတွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့အတွက် ကာကွယ်ဆေး ၂ ဒသမ ၆ ဘီလီယံ လိုအပ်တာကို တွေ့ရပါတယ်။ Covax အစီအစဉ်က ထောက်ပံ့နိုင်တဲ့ ဆေး သန်း ၆၀၀ ဟာ အာဖရိက လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလို့ ဆိုနိုင်တဲ့ လူပေါင်း သန်း ၃၀၀ ကိုသာ ထိုးနှံပေးနိုင်မှာ ဖြစ်ပါတယ်။

 

 

အာဖရိကတိုက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃ သန်းကျော်ရှိပြီး သေဆု့ဂသူ ၇၅,၇၈၇ ဦး ရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP