အဒစ်အဘာဘာ ဇန်နဝါရီ ၇
အာဖရိကတိုက်၌ ဇန်နဝါရီ ၅ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၈၁၈၄၉၇ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။ ။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၉၂၆၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၇၆၅၂၂၄ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။
အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း၏ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၄၇၅၅၁၂ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၇၁၉၆၁ ဦး ရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၂၈၈၀၂ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကတိုက်၌ အာဖရိကတောင် ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဒေသဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယအများ ဆုံးဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနည်း ဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်