မေ ၂၃
အာဖရိကတိုက်တွင် ယမန်နေ့ညနေပိုင်းကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၉၆၇၀၇ ဦးရှိလာကြောင်း အတည်ပြုထားသည်ဟု အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( အာဖရိကစီဒီစီ )က ဆိုသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၅၂၈၉၂ ဦး သေဆုံးခဲ့ပြီး ယင်းရောဂါကူးစက်မှုမှကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၉၁၈၉၅၇ ဦးရှိသည်ဟု သိရသည်။
အာဖရိကတိုက်ရှိနိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံတို့တွင် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားကြောင်း အာဖရိကစီဒီစီက ပြောကြားသည်။
ယမန်နေ့ညနေပိုင်းကအထိ တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၂၁၆၃၃ ဦးရှိပြီး မော်ရိုကိုနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၁၆၆၅၃၀ ရှိကြောင်းသိရသည်။
အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်ကူးစက်မှုဒုတိယအများဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဒေသဖြစ်သည်ဟု အာဖရိကစီဒီစီက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို