ဘာလင် ဩဂုတ် ၂၆
ဂျာမနီနိုင်ငံသည် အာဖရိကတိုက်၌ ဖြစ်ပွားနေသော မျောက်ကျောက် ရောဂါကိုတိုက်ဖျက်ရန် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးအလုံးရေတစ်သိန်းအား ဂျာမနီစစ်ဘက်မှ လှူဒါန်းမည် ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအစိုးရသည် မျောက်ကျောက်ရောဂါတိုက်ဖျက်ရန်အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းသို့ ထောက်ပံ့ပေးမည် ဖြစ်သည့်အပြင် အာဖရိကတိုက်ရှိ မိတ်ဖက်နိုင်ငံများကိုလည်း အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျာမနီနိုင်ငံ၌ ၂၀၂၂ ခုနှစ်က ဝယ်ယူထားပြီး ဂျာမနီစစ်ဘက်က သိုလှောင်ပေးထားသည့် Jynneos မျောက်ကျောက်ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၁၇၀၀၀ ခန့်ရှိကြောင်းသိရသည်။ မျောက်ကျောက်ရောဂါအား ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ၌ ဖြစ်ပွားကာ အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုးကား-စီအင်န်အေ၊ ဘာ
သာပြန်-အလင်းသစ်