ဧပြီ ၂၂
အာဖရိကတိုက်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၃၈၉၇၈၃ ဦးအထိ ရှိလာကြောင်း အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ( အာဖရိကစီဒီစီ )က ပြောကြားသည်။
အဆိုပါတိုက်တွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၅၁၈၇၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၇၇၆၆၉၄ ဦး ရှိသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံတို့သည် ထိုတိုက်ရှိ ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားသောနိုင်ငံများ ဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။
အာဖရိကတွင် တောင်အာဖရိကနိုင်ငံသည် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၃၇၄၆၄၂၄ ဦး ရှိသည်။
အာဖရိကအလယ်ပိုင်းသည် ကိုဗစ်ရောဂါကူးစက်မှုအနည်းဆုံးဒေသဖြစ်သည်ဟု အာဖရိကစီဒီစီ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို