နေပြည်တော်  ၂၀ ဖေဖော်ဝါရီ      

 

အာဖရိကဝက်အပြင်းဖျားရောဂါသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသတို့ရှိ ပြည်နယ်အချို့ရှိ ဝက်ခြံပေါင်း (၁၀၄) ခြံတွင် ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ (၉၅၀၀၀၀) အား သုတ်သင်ရှင်းလင်းခဲ့ရသောကြောင့် မိမိနိုင်ငံရှိဝက်ခြံများကိုလည်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

 

(က)    ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

 

(ခ)    ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

 

(ဂ)    အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသော စားသောက်ဆိုင်များမှ စားကြွင်း/ကျန်ကျွေးခြင်း မပြုလုပ်ရန်၊

 

(ဃ)    အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊

 

(င)    အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊

 

(စ)    ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

 

(ဆ)    ပြည်ပမှ တရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

 

(ဇ)    တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ 

 

(ဈ)    တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ 

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

 

(ည)    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။


    
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန