တိုကျို ဖေဖော်ဝါရီ ၁၉
အားပြင်းသည့် လေအေးထုနှင့် ဆောင်းရာသီဖိအားပုံစံကြောင့် ဟော့ကိုင်းဒိုး၏ ဂျပန်ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်နှင့် ဂျပန်နိုင်ငံ၏ အဓိကဟွန်ရှုကျွန်း၊ ကင်အီနှင့် တိုကာအီတို့၏ အနိမ့် ပိုင်းဒေသများတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းခဲ့သည်။
ဂျပန်မိုးလေဝသ အေဂျင်စီက ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောပိတ်ဆို့နိုင်မှုအခြေအနေ၊ လျှပ်စစ် မီးများ ပြတ်တောက်နိုင်မှုအခြေအနေ၊ သစ်ပင်များ ပြိုလဲနိုင်သည့် အခြေအနေနှင့် မြေပြိုခြင်းအခြေ အနေများကို သတိထားရန် တိုက်တွန်းထားသည်။
ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီအထိ ခြောက်နာရီအတွင်း ဟော့ကိုင်းဒိုးရှိ ဆပ်ပိုရိုမြို့အနီး ဆီးနှင်းကျဆင်းမှုသည် ၃၃ စင်တီမီတာ၊ နီအီဂါတာခရိုင် ယူဇာဝါမြို့တွင် ၁၉ စင်တီမီတာ၊ ဟီရိုရှီးမား ခရိုင် အာကီတာမြို့နှင့် ရှို ဘာရာမြို့တွင် ၁၇ စင်တီမီတာအထိရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီအထိ အာအိုမိုရီခရိုင် ဟက်ကိုဒါတောင်စဉ် တောင်တန်းများ ရှိရာ ဆုကာယုဒေသတွင် ဆီးနှင်း ၄ ဒသမ ၉၄ မီတာအထိ ဆီးနှင်းများစုပုံကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းအထိ တိုဟိုကုနှင့် ဟိုကူရီကူ ဒေသများနှင့် နီအီဂါတာခရိုင်တွင် ဆီးနှင်း ၇၀ စင်တီမီတာအထိကျဆင်းနိုင်ပြီး ကန်တို - ကိုရှင် ဒေသတွင် ၆၀ စင်တီမီတာအထိ ကျဆင်းနိုင်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ